ရန်ကုန်
ကျွန်တော်ဒီမြို့လေးကိုစိတ်ဝင်းစားခဲ့တာ အတော်ပင် ကြာခဲ့ပါပြီ။ ဒီမြို့အကြောင်းကို ကျွန်တော်လေ့လာ နေဆဲပါ။ အခု ကျွန်တော်စုဆောင်းရှာဖွေထားတာလေးတွေကို မျှဝေပါရစေ။ ဒါပေမယ့် ကျွန်တော်ဒီနေရာမှာ အတိုချုံးပြီးပဲရေးပါရစေ။
ရန်ကုန်မြို့ကို အေဒီ ၆ ရာစုခန့်ကတည်းက မွန်ဘုရင်မရှင်စောပုက ဒဂုံဟူ၍ တည်ထောင်ခဲ့တာပါ။ ခရစ်နှစ် ၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားဟာ ဒဂုံကို ရန်ကုန်ဆိုပြီး သမုတ်ခဲ့တယ်။ ၁၈၂၄-၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပြီး စစ်ကြီးပြီးတဲ့ အခါ မြန်မာတို့၏ စီမံခန့်ခွဲမှုအောက်သို့ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ၁၈၄၁ခုနှစ် တွင် ရန်ကုန်မြို့ကြီး မီးလောင်ပျက်စီးခဲ့ရတယ်။ ၁၈၅၂ ခုနှစ် ဒုတိယအကြိမ် အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ ရန်ကုန်မြို့ တစ်မြို့လုံး အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးရခဲ့သည်မှ စ၍ ရန်ကုန်မြို့သည် မြန်မာတို့၏ လက်တွင်းသို့ ပြန်လည်ရောက်ရှိ ခဲ့ပါတယ်။ ကိုလိုနီလက်ထက်ကစလို့ ရန်ကုန်မြို့ဟာ စိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေခဲ့တာ အခုချိန်မှာဆိုဘာသာစကား၊ ယဉ်ကျေးမှု၊ လူမျိုး၊ နေထိုင်ပုံစရိုက် နဲ့ ကိုးကွယ်ယုံကြည်ရာတွေ တော်တော်စုံစုံလင်လင်ရှိနေပါပြီ။
အင်္ဂလိပ်ခေတ် ကိုလိုနီအဆောက်အအုံတွေဆိုရင်လည်း မြို့ထဲ နေရာတော်တော်များများတွင် တွေ့နိုင်ပါတယ်ဗျာ။ ပြီးတော့ကျွန်တော်တို့ရဲ့ ရန်ကုန်မြို့ကြီးက အရှေ့တောင်အာရှမှာ ကိုလိုနီအဆောက်အအုံ အများဆုံးတည်ရှိရာ မြို့တစ်မြို့ အဖြစ် ရပ်တည်လျက်ရှိတယ်တဲ့။ နောက်ပြီးတော့လည်း အင်္ဂလိပ် ခေတ်စစ်ကျန်ကားများတွေကိုလည်း ဘတ်စ်များအဖြစ်မြင်နိုင်ပါသေးတယ်။ နိုင်ငံခြားကမ္ဘာလှည့်ခရီးသွားတွေက ဒါတွေကို တအံ့တသြဓာတ်ပုံရိုက်ကြတာ ဂုဏ်ယူစရာပဲဗျာ။
စစ်အင်ဂျင်နီယာ Lt. Alexander Fraser ရဲ့ ဒီဇိုင်းပေါ်တွင်အခြေခံပြီး ဗြိတိသျှတွေက မြို့ကွက်အသစ်ကို ဖော်ခဲ့တယ်။ မြို့ကွက်အသစ်နယ်နိမိတ်က အရှေ့ဘက်မှာ ပုဇွန်တောင်ချောင်း၊ အနောက်နဲ့ တောင်ဘက်မှာ ရန်ကုန်မြစ်တို့နဲ့ ဝန်းရံနေစေခဲ့ပါတယ်။
အဲ့ဒီနောက် ရန်ကုန်ဆေးရုံကြီး၊ ရန်ကုန်တက္ကသိုလ်တို့ကိုပါ တည်ဆောက်ခဲ့ပါတယ်။ ရန်ကုန်ဆေးရုံကြီးကို ၁၈၉၉ခုနှစ်မှာ စတင်ဆောက်လုပ်ပြီး (ကျွန်တော်အတိုချုံးပြီးရေးထားခြင်းဖြစ်ပါသည်။ နေရာမလောက်မှာစိုး၍ ပုံအချို့ သာတင်ထားပါသည်။)
အချက်အလက်များကိုဤနေရာတွင်စုံစုံလင်လင်သိနိုင်ပါသည်။ ဤနေရာတွင် ရန်ကုန်မြို့ ၏သမိုင်းဝင်ပုံများနှင့်မျက်မှောက်ခေတ်ကိုလိုနီအဆောက်အဦးများကို ကြည့်နိုင်ပါသည်။
(ဒီဘလော့ကို စာကူညီရိုက်ပေးတဲ့ဂျပန်ကောင်လေးကိုကျေးဇူးတင်ပါတယ်။)
8 ယောက်ရဲ့ အမြင်:
နာဂစ်ပြီးတော့ ရန်ကုန်က ရှေးဟောင်း အဆောက်အဦး တော်တော်များများ ပျက်စီးကုန်တယ်။ ၀န်ကြီးများရုံး လည်းပါတယ်တဲ့။
သတင်းထောက်တွေက မုန်တိုင်းကြောင့် ပျက်စီးကုန်တဲ့ အဆောက်အအုံတွေကို ဘယ်လိုလုပ်မလဲမေးတော့ ရန်ကုန်ရဲ့ တာဝန်ရှိပုဂိုလ်က ဘာပြောတယ် မှတ်လဲ..
အဲဒါတွေ မရှိရင် မြန်မာတွေ သူ့ကျွန်လက်အောက် ရောက်တာ မရှိတော့ဘူးတဲ့.. ပြောရက်ပါပေ.. သမိုင်းဆိုတာ ၀ှက်လို့ရမယ်ထင်နေလား မသိဘူး... အခုတော့ ရှေးရှေးက အဆောက်အဦးပောာင်းတွေ နေရာမှာ ကန်ထရိုက်တိုက်တွေက နေရာယူလာပြီ.. ရင်လေးပါရဲ့
အဖိုးတန် ရှားပါးတဲ့ ဓာတ်ပုံတွေ မြင်တွေ့ရလို့ ကျေးဇူးပါ ..
အားပေးနေပါမယ်။
လေးစားလျက်
ပုံဟောင်းလေးတွေတော၂ရှာထားတာပဲနော် ..ကျေးဇူးတင်ပါတယ် ကြည့်ခွင့်ရလို့
တကယ့်ကို ရှားပါးပြီး သမိုင်းအတွက် တန်ဖိုးရှိပါတယ်။
ကျေးဇူးပါဗျာ။ တခါမှကို မမြင်ဖူးခဲ့တာပါ။ ရန်ကုန်သား တယောက်အနေနဲ့ ရှက်စရာတောင် ကောင်းပါတယ်ဗျာ ဒီပုံတွေ အခုမှမြင်ဖူးလို့ပါ။ ကျနော့်ဆီ မေးနဲ့ ပို့ပေးပါလားဗျာ။
စီဘောက်မှာမေးလိပ်စာ ထားခဲ့ပါတယ်။
သူငယ်ချင်းရေ ရန်ကုန်ကိုတော့ ဒီမြို့လေးလို့တော့ မပြောပါနဲ့ကွာ၊ တကယ်ကို သမိုင်းဝင်တဲ့ မြို့ကြီးမို့လို့ပါ။
အခုလို မျှဝေ တင်ပြပေးတာ ကျေးဇူးပါဗျာ...တော်တော်လေး လေ့လာထားတာပဲ...အားပေးနေတယ်...
Very very nice...should write more detail...if you need a hand I will help for myanmar words typing...
Thanks...
Pls visit my blog in t-wall also...
http://toiletwall.ning.com/profile/ZawMinHtet23
ရှားရှားပါးပါး ပုံတွေကို တကူးတက ရှာဖွေ စုဆောင်းပြီး တင်ပေးတာ အရမ်းကောင်းပါတယ် ..။
Post a Comment