Showing posts with label သမိုင်း. Show all posts
Showing posts with label သမိုင်း. Show all posts

Wednesday, April 22, 2009

သမိုင်းထဲက ရန်ကုန်

8 ယောက်ရဲ့ အမြင်

၁၈၇၀ - ၉၀ ဝန်းကျင် ရွှေတိဂုံစေတီတော်
ရန်ကုန်

ကျွန်တော်ဒီမြို့လေးကိုစိတ်ဝင်းစားခဲ့တာ အတော်ပင် ကြာခဲ့ပါပြီ။ ဒီမြို့အကြောင်းကို ကျွန်တော်လေ့လာ နေဆဲပါ။ အခု ကျွန်တော်စုဆောင်းရှာဖွေထားတာလေးတွေကို မျှဝေပါရစေ။ ဒါပေမယ့် ကျွန်တော်ဒီနေရာမှာ အတိုချုံးပြီးပဲရေးပါရစေ။

ရန်ကုန်မြို့ကို အေဒီ ၆ ရာစုခန့်ကတည်းက မွန်ဘုရင်မရှင်စောပုက ဒဂုံဟူ၍ တည်ထောင်ခဲ့တာပါ။ ခရစ်နှစ် ၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားဟာ ဒဂုံကို ရန်ကုန်ဆိုပြီး သမုတ်ခဲ့တယ်။ ၁၈၂၄-၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပြီး စစ်ကြီးပြီးတဲ့ အခါ မြန်မာတို့၏ စီမံခန့်ခွဲမှုအောက်သို့ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ၁၈၄၁ခုနှစ် တွင် ရန်ကုန်မြို့ကြီး မီးလောင်ပျက်စီးခဲ့ရတယ်။ ၁၈၅၂ ခုနှစ် ဒုတိယအကြိမ် အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ ရန်ကုန်မြို့ တစ်မြို့လုံး အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးရခဲ့သည်မှ စ၍ ရန်ကုန်မြို့သည် မြန်မာတို့၏ လက်တွင်းသို့ ပြန်လည်ရောက်ရှိ ခဲ့ပါတယ်။ ကိုလိုနီလက်ထက်ကစလို့ ရန်ကုန်မြို့ဟာ စိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေခဲ့တာ အခုချိန်မှာဆိုဘာသာစကား၊ ယဉ်ကျေးမှု၊ လူမျိုး၊ နေထိုင်ပုံစရိုက် နဲ့ ကိုးကွယ်ယုံကြည်ရာတွေ တော်တော်စုံစုံလင်လင်ရှိနေပါပြီ။

၁၉၄၂ ဒုတိယကမ္ဘာစစ်အတွင်းရန်ကုန်ဆိပ်ကမ်းမီးလောင်နေစဉ်

အင်္ဂလိပ်ခေတ် ကိုလိုနီအဆောက်အအုံတွေဆိုရင်လည်း မြို့ထဲ နေရာတော်တော်များများတွင် တွေ့နိုင်ပါတယ်ဗျာ။ ပြီးတော့ကျွန်တော်တို့ရဲ့ ရန်ကုန်မြို့ကြီးက အရှေ့တောင်အာရှမှာ ကိုလိုနီအဆောက်အအုံ အများဆုံးတည်ရှိရာ မြို့တစ်မြို့ အဖြစ် ရပ်တည်လျက်ရှိတယ်တဲ့။ နောက်ပြီးတော့လည်း အင်္ဂလိပ် ခေတ်စစ်ကျန်ကားများတွေကိုလည်း ဘတ်စ်များအဖြစ်မြင်နိုင်ပါသေးတယ်။ နိုင်ငံခြားကမ္ဘာလှည့်ခရီးသွားတွေက ဒါတွေကို တအံ့တသြဓာတ်ပုံရိုက်ကြတာ ဂုဏ်ယူစရာပဲဗျာ။

ယခုဆူးလေမီးပွိုင့်နေရာ
မဂိုလမ်း-Mogul Street(ယခုရွှေဘုံသာလမ်း)

ရန်ကုန်မြို့ ထဲတနေရာ
၁၈၉၀-၁၉၀၀ ဝန်းကျင်ရန်ကုန်ဆိပ်ကမ်းတနေရာ
၂၀ ရာစုအလယ် ရန်ကုန်မြို့ အပေါ်စီးမြင်ကွင်း

၁၈၇၀ - ၉၀ ခုနှစ် ဆူးလေစေတီတော်နှင့် ရန်ကုန် မြူနီစီပယ် အဆောက်အအုံ

၁၈၇၀ - ၉၀ ခုနှစ် ဆူးလေစေတီတော်

၁၈၇၀ -၉၀ ဝန်းကျင် ကန်တော်ကြီးမြင်ကွင်း

စစ်အင်ဂျင်နီယာ Lt. Alexander Fraser ရဲ့ ဒီဇိုင်းပေါ်တွင်အခြေခံပြီး ဗြိတိသျှတွေက မြို့ကွက်အသစ်ကို ဖော်ခဲ့တယ်။ မြို့ကွက်အသစ်နယ်နိမိတ်က အရှေ့ဘက်မှာ ပုဇွန်တောင်ချောင်း၊ အနောက်နဲ့ တောင်ဘက်မှာ ရန်ကုန်မြစ်တို့နဲ့ ဝန်းရံနေစေခဲ့ပါတယ်။
၁၈၉၇ ခုနှစ် ရန်ကုန်မြို့ မြေပုံ

အဲ့ဒီနောက် ရန်ကုန်ဆေးရုံကြီး၊ ရန်ကုန်တက္ကသိုလ်တို့ကိုပါ တည်ဆောက်ခဲ့ပါတယ်။ ရန်ကုန်ဆေးရုံကြီးကို ၁၈၉၉ခုနှစ်မှာ စတင်ဆောက်လုပ်ပြီး ၁၉၀၅ ခုနှစ်မေလ ၅ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အခုဆိုရင် ရန်ကုန်ဆေးရုံကြီးဟာ နှစ်တစ်ရာကျော်သွားခဲ့ပါပြီ။ ဒီလိုဒီလိုသမိုင်းတွေနဲ့အစပြုခဲ့တဲ့ ရန်ကုန်မြို့ကြီးကတော့ အခုအချိန်ထိ စိတ်ဝင်စားစရာကောင်းနေတုန်းပါပဲဗျာ။






အဲ့ဒီနောက် ရန်ကုန်ဆေးရုံကြီး၊ ရန်ကုန်တက္ကသိုလ်တို့ကိုပါ တည်ဆောက်ခဲ့ပါတယ်။ ရန်ကုန်ဆေးရုံကြီးကို ၁၈၉၉ခုနှစ်မှာ စတင်ဆောက်လုပ်ပြီး (ကျွန်တော်အတိုချုံးပြီးရေးထားခြင်းဖြစ်ပါသည်။ နေရာမလောက်မှာစိုး၍ ပုံအချို့ သာတင်ထားပါသည်။)
အချက်အလက်များကိုဤနေရာတွင်စုံစုံလင်လင်သိနိုင်ပါသည်။ ဤနေရာတွင် ရန်ကုန်မြို့ ၏သမိုင်းဝင်ပုံများနှင့်မျက်မှောက်ခေတ်ကိုလိုနီအဆောက်အဦးများကို ကြည့်နိုင်ပါသည်။
(ဒီဘလော့ကို စာကူညီရိုက်ပေးတဲ့ဂျပန်ကောင်လေးကိုကျေးဇူးတင်ပါတယ်။)