Friday, April 24, 2009

သူ....

သူ...
သတိရတယ်သာပြောသည်
အွန်လိုင်းမလာပါ။
သူ...
လွမ်းတယ်သာပြောသည်
စာမရေးပါ။
သူ...
ငိုနေတယ်လို့သာပြောသည်
မျက်ရည်မကျပါ။
သူ...
အထီးကျန်တယ်သာပြောသည်
အပြုံးမပျက်ပါ။
သူ...
ဝေးသွားတယ်လို့သာပြောသည်
နီးစပ်ဖို့မကြိုးစားပါ။
သူ...
စောင့်နေမယ်သာပြောသည်
နောက်တစ်ယောက်နဲ့ပါ။
သူ...
ဘာလုပ်လုပ်ဖုံးကွယ်ချင်သည်
ကျွန်တော့်ကိုမရပါ။
သူ...
ချစ်တယ်လို့သာပြောသည်
အချစ်ကိုနားမလည်ပါ။

(ချစ်တယ်ဆိုတဲ့စကားကိုလွယ်လွယ်မကြားဝံ့သူ)

10 ယောက်ရဲ့ အမြင်:

နွေးနွေးသဲမွန် said...

တမျိုးကြီးပဲ ...ဟတ်ထိတယ်..ရှင်း၂လေးနဲ့ ကောင်းတဲ့ကဗျာပါ

ကောင်းကင်ပြာ said...

မြန်မာလိုရိုက်နိုင်အောင်ကြိုးစားနေတုန်းပါ လို့သာပြောတယ်၊ ရေးထားတာလေးက ကောင်းတယ်၊
....တာ ပြောသည် နေရာမှာ ...သာပြောသည် ဆိုတာက ပိုမှန်မယ် ထင်တယ် မောင်လေးရေ၊ ဆရာလုပ်သွားခြင်းလို့ မယူဆစေချင်ပါ

Anonymous said...

ဘယ်ကသူတုန်း... မသိရပါလား...း)

Anonymous said...

အဲဒီလောက် ချစ်တတ်တဲ့မှတော့ဗျာ နောက်တယောက်သာရှာပေါတော့

ကဗျာဦး said...

ကဗျာလေးလန်းတယ်

Anonymous said...

ရေးထားတာတွေ ကောင်းတယ် ဗျာ..မိုက်တယ်
အဆင်ပြေပျော်ရွှင်ပါစေဗျာ

LMO said...

သူလေးလဲ ခေသူမဟုတ်ပါလား။ :P နောက်တာပါ။ ကဗျာကောင်းတစ်ပုဒ်ကို နှစ်သက်စွာ ခံစားသွားပါတယ်။ အားပေးနေလျက်..။ (ဝလုံးဝိုင်းဝိုင်း)

ဆောင်းနှင်းရွက် said...

ဒါဆို နားလည်သွားအောင် နားလှည့်ပေးလိုက်လေ ..။ ဒါဆို လည် ချင် လည် သွား မှာ ပေါ့ . . . ဟုတ်တယ် ဟုတ် ..>>>>

ဖြူ said...

မိုက်တယ်ဗျာ.. ``သူ´´ ခေါင်းစဉ်ခြင်း တူပြီး ခံစားသီကုံးပုံခြင်းတော့ ကွဲသွားတယ်.. ဟာဟ..
ရိုး၂လေးနဲ့ ရှင်း၂လေးရေးသွားတာ ကောင်းပါတယ်

အရုပ်ကလေး said...

အချစ်ကို နားမလည်လို့ အပြစ်လည်း မဆိုသာပေမယ့်
တစ်ချက်ကလေး မပိုစေတဲ့ အပြုအမူမို့ မကြားဝံ့သူရဲ့ နားထက်မှာ
အစွမ်းထက်ထက် မှတ်ချက်တစ်စုံကို အလွမ်းသက်သက် ရင်ဘတ်မှာ
သူတစ်ယောက်က အစဉ်ပျောက်မသွားရင်တောင် အဆိပ်သင့်တဲ့ အသည်းမှာ တလိမ့်လိမ့် ဖြစ်နေမှာတော့ သေချာတယ် ..။
မုန်းမမေ့ပေမယ့် ဆုံးတစ်ဖက်က ပြုံးလျှက်နေမှတော့ ဘာကျန်ဦးမလဲ ..
လှန်လျောဖတ်လို့ စာပြန်ကပ်မယ်ဆို တံဆိပ်တစ်ခုမှာ ကြွင်းကျန်နေမယ့် အမှတ်ကို အနာခံလို့ ဘ၀မမောရအောင် စာလှန်ပြလိုက်တာ စိတ်အေးစေမယ် ထင်ပါတယ် ..။

အချစ်ကို နားမလည်သူနဲ့ မကြားဝံ့သူအတွက် အနည်းကျဉ်းနဲ့ အလှမ်းသင့်အောင် ပြောသွားတယ်နော် ..။

Post a Comment