Sunday, April 19, 2009

အဝေးကအမေအတွက်

သားနေကောင်းလား။
သားအဆင်ပြေရဲ့လား။
သားသူငယ်ချင်းတွေနဲ့တွေ့လား။
သားနေရတာအဆင်ပြေရဲ့လား။
သားဘာလိုသေးလဲ။
သားဘာမှာချင်သေးလဲ။
...............................
...............................
...............................

သားဘာမှလိုချင်ပါဘူး အမေ။
သားအားလုံးအဆင်ပြေပါတယ် အမေ။
ခံစားချက်တွေနဲ့ပြည့်နေပေမယ့်
သားမပြည့်စုံတာတွေ မပြောပါရစေနဲ့။
သားအမေ့အသံကိုကြားတာနဲ့
သားရဲ့ပျော်ရွှင်မှု
သားရဲ့အောင်မြင်မှုတွေဟာ
လက်တကမ်းဆီမှာရောက်လာတော့မှာပါ။

အမေ.........
အမေပျော်ရွှင်ပါစေ။

(ဝေးသွားမှအမေကို တမိလေခြင်းလား။)

2 ယောက်ရဲ့ အမြင်:

ဆောင်းနှင်းရွက် said...

ကောင်းတယ်ဗျို့ ...။

ကောင်းကင်ဇင်ယော် said...

(သားနေကောင်းလား။
သားအဆင်ပြေရဲ့လား။
သားဘာလိုသေးလဲ။
သားဘာမှာချင်သေးလဲ။
...............................
...............................
...............................)

အမေတွေအားလုံးက သူ့ သားသမီးကိုချစ်တာ အတူတူပဲနေမှာနော်။

Post a Comment