Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, April 24, 2009

သူ....

10 ယောက်ရဲ့ အမြင်

သူ...
သတိရတယ်သာပြောသည်
အွန်လိုင်းမလာပါ။
သူ...
လွမ်းတယ်သာပြောသည်
စာမရေးပါ။
သူ...
ငိုနေတယ်လို့သာပြောသည်
မျက်ရည်မကျပါ။
သူ...
အထီးကျန်တယ်သာပြောသည်
အပြုံးမပျက်ပါ။
သူ...
ဝေးသွားတယ်လို့သာပြောသည်
နီးစပ်ဖို့မကြိုးစားပါ။
သူ...
စောင့်နေမယ်သာပြောသည်
နောက်တစ်ယောက်နဲ့ပါ။
သူ...
ဘာလုပ်လုပ်ဖုံးကွယ်ချင်သည်
ကျွန်တော့်ကိုမရပါ။
သူ...
ချစ်တယ်လို့သာပြောသည်
အချစ်ကိုနားမလည်ပါ။

(ချစ်တယ်ဆိုတဲ့စကားကိုလွယ်လွယ်မကြားဝံ့သူ)

Sunday, April 19, 2009

ပန်းသီး

2 ယောက်ရဲ့ အမြင်

ပန်းသီးတစ်လုံးဈေးကဝယ်
ဘယ်သူ့အတွက်လဲကွယ်။

ကုသိုလ်ကောင်းမှုရဖို့အရေး
ဘုရားကပ်မယ ်မနှေး။

ဘုးရားကပ်၍စွန့်ပြီးရင်
ဘာလုပ်မလဲဟင်။

ရေးဆေးပြီးအအေးဓာတ်ကင်
ရေခဲသေတ္တာထဲထည့်ရန်ဆင်။

အချိန်ကြာလို့အေးလာရင်
ဘာလုပ်မလဲဟင်။

စားလို့ဝလို့အိုကေတော့
ထုက်ပြီးစားမှာပေါ့။

ဒီလိုနဲ့ပဲစားဖို့အရေးပင်
မနက်ဖြန်ကိုတွေးပြီးမြင်

ဟုတ်သည် ဟုတ်သည် မနက်ဖြန်ဟာ
ချစ်သူများနေ့ပါ။

အခုမှပဲအကြံပေါ်
ဒီပန်းသီးကိုနော်။

ခုတ်ကာထစ်ကာငါမစား
ချစ်သူအတွက်ပဲထား။

(ချစ်သူကုသိုလ်ရရန်)

အဝေးကအမေအတွက်

2 ယောက်ရဲ့ အမြင်

သားနေကောင်းလား။
သားအဆင်ပြေရဲ့လား။
သားသူငယ်ချင်းတွေနဲ့တွေ့လား။
သားနေရတာအဆင်ပြေရဲ့လား။
သားဘာလိုသေးလဲ။
သားဘာမှာချင်သေးလဲ။
...............................
...............................
...............................

သားဘာမှလိုချင်ပါဘူး အမေ။
သားအားလုံးအဆင်ပြေပါတယ် အမေ။
ခံစားချက်တွေနဲ့ပြည့်နေပေမယ့်
သားမပြည့်စုံတာတွေ မပြောပါရစေနဲ့။
သားအမေ့အသံကိုကြားတာနဲ့
သားရဲ့ပျော်ရွှင်မှု
သားရဲ့အောင်မြင်မှုတွေဟာ
လက်တကမ်းဆီမှာရောက်လာတော့မှာပါ။

အမေ.........
အမေပျော်ရွှင်ပါစေ။

(ဝေးသွားမှအမေကို တမိလေခြင်းလား။)

မင်းအတွက်

4 ယောက်ရဲ့ အမြင်

သှားခဲ့တဲ့နရော
စားခဲ့တဲ့ဆိုင်
ကြည့်ခဲ့တဲ့ရုပ်ရှင်
မင်းမှတ်မိဦးမလား။

လျှောက်ခဲ့တဲ့လမ်း
ထိုင်ခဲ့တဲ့နေရာ
ရယ်မောခဲ့တာတွေ
မင်းမှတ်မိဦးမလား။

ပေးခဲ့တဲ့လက်ဆောင်
ဖတ်ခဲ့တဲ့ဂျာနယ်
ပြောခဲ့တဲ့ဲ့စကား
မင်းမှတ်မိဦးမလား။

ပေးခဲ့တဲ့ဂတိ
ပေးခဲ့တဲ့အနမ်း
ပေးခဲ့တဲ့ဲ့ရင်ခုန်မှု
မင်းမှတ်မိဦးမလား။

အတူဖြတ်သန်းခဲ့တဲ့အချိန်တွေ
အတူရင်ခုန်ခဲ့တဲ့အချိန်တွေ
အတူတူသွားခဲ့တဲ့နေရာတွေ
အားလုံးကို
တစ်ချိန်ချိန်လေးမှာမှတ်မိပေးပါ။

ပေးခဲ့တဲ့အချစ်တွေ
ပေးခဲ့တဲ့ယုယမှုတွေ
ပေးခဲ့တဲ့အကြင်နာတွေ
အားလုံးကို
တစ်ချိန်ချိန်လေးမှာမှတ်မိပေးပါ။

တန်းဖိုးထားခဲ့တဲ့အရာတွေ
လေနဲ့အတူတူမျောသွားပေမယ့်
ခံစားချက်တွေကရှိနေဆဲပါ။

အချစ်ဆိုတာကို
တန်းဖိုးမထားတဲ့မင်းအတွက်
မမြတ်နိုးတတ်တဲ့မင်းအတွက်
ခံစားချက်တော့ရှိနေပေးပါ။

ဝေးသွားပေမယ့်
သစ်နေမယ့်အချစ်တွေ
ရင်နဲ့အပြည့်ပါ။

မင်းမှတ်မိမယ်ဆိုရင်
မင်းသတိရသေးတယ်ဆိုရင်
ကိုယ်အပြုံးနဲ့စောင့်နေပါရစေ။

(ပူလောင်ခြင်းဝေးပါစေ)