Wednesday, October 24, 2012

ကျွန်တော်စာတွေပြန်ရေးဖို့ကြိုးစားနေပါသည်။

Sunday, April 26, 2009

၂၂ နိုဝင်ဘာည

11 ယောက်ရဲ့ အမြင်


"အဲဒီနေ့က တော်တော်နဲ့အိပ်မရဘူး။ တအားအေးတယ်....ရင်ခုန်နှုန်းတွေလည်းမြန်နေတယ်။ အိပ်မက်လား၊ တကယ်လား။"

၂၀၀၄ ခုနှစ် နိူဝင်ဘာ၁၆

"ဒါဆိုအမေမလိုက်ဘူးပေါ့။ ကျွန်တော်တစ်ယောက်တည်း မန္တလေးကို သွားရမှာပေါ့။ ဟူး....."
စီစဉ်ပြီးသားခရီးဖြစ်နေ၍ မသွားမဖြစ်သွားရတော့မည်။ ရန်ကုန်မှရထားစီးပြီး တစ်ယောက်တည်း သွားခဲ့ရသည်မှာ ဤခရီးသည် ကျွန်တော်အတွက် ပထမဦးဆုံးပါ။ ခရီးသွားတိုင်း မိသားစုနှင့်သာ သွားနေကျဖြစ်၍ အခုဆိုရင် ကိုယ်ပဲလူကြီးဖြစ်နေရသည်။ မန္တလေးရောက်တော့အဒေါ်တစ်ယောက်အိမ်မှာတည်းပြီး အိမ်၏စေခိုင်းရာကိစ္စများကို လုပ်ရသည်။ အလုပ်ဆိုတော့လည်း မလုပ်လို့လည်းမဖြစ်၊ မပြီးလျှင်အိမ်နှင့်နှစ်ပါးသွားရလိမ့်မည်။ အားလုံးသောကိစ္စအ၀၀များပြီးစီးသောအခါမှ မန္တလေးမြို့ကို သူငယ်ချင်းများဖြင့် ပျော်ပျော်ပါးပါး လည်ရပတ်ရတော့သည်။ ဒီလိုနှင့် မန္တလေးအိမ်တော်ရာဘုရားမှာ ကျွန်တော့်ဇာတ်လမ်းလေးရဲ့ အစကိုရောက်လာခဲ့ပါသည်။

၂၀၀၄ ခုနှစ် နိူဝင်ဘာ ၁၉ ညနေခင်း

"တင်ပါ့ဘုရား။ တပည့်တော်တစ်ယောက်တည်းပါ။ အမေက လိုက်လာဖို့စီစဉ်ပြီးမှ ရန်ကုန်မှာရှိတဲ့ အလုပ်တွေ လက်စမသတ်နိုင်သေးတာနဲ့ တပည့်တော်တစ်ယောက်တည်းလာခဲ့တာပါ ဘုရား။ အခုတောင် တပည့်တော်ရောက်နေတာ သုံးရက်ရှိနေပြီ။ ဒီနေ့မှ သူငယ်ချင်းတွေနဲ့လျှောက်လည်ရတယ်။ နောက်နှစ်ရက်ဆိုရင် ပြန်တော့မလို့ဘုရား။ ဒါနဲ့ ဦးဇင်းက ဘယ်တုန်းကမန္တလေးရောက်နေတာလဲ။"
"အေး၊ တနေ့ကမှ ရောက်တာ။ မနက်ဖြန်တောင် ငါရွာသွားမလို့။ အဲဒီကနေပြီးရင် ရန်ကုန်ပြန်မှာ။ မင်းလိုက်ခဲ့ပါလား။ ရွာက လူတွေကလည်း မင်းကိုမေးနေကြတယ်။"
ကျွန်တော်စဉ်းစားကြည့်သည်။ ဟုတ်တယ် အခုအလုပ်လည်းပြီးပြီး၊ ရန်ကုန်မှာလည်းလုပ်စရာမရှိဘူးဆိုတော့.....
"မှန်ပါ့ ဘုရား။ တပည်တော်လိုက်ခဲ့မယ်။ မရောက်တာလည်းကြာပြီဆိုတော့။"

ဦးဇင်းနှင့်ရင်းနှီးခဲ့သည်မှာ ကျွန်တော်ငယ်ငယ်ကတည်းကပင် ဖြစ်သည်။ ကိုယ့်ဘကြီးဘုန်းကြီးဆိုရင်လည်းမမှားနိုင်ပေ။ ဦးဇင်း၏ဘွဲ့မှာ ဦး------ ဖြစ်သော်ငြားလည်း ကျွန်တော်တို့က ဦးဇင်းဦးတင်ရွှေဟု လူဝတ်နာမည်ကိုသာ ခေါ်ကြသည်။ ဦးဇင်းနှင့်ပင် လွန်ခဲ့သောလေးနှစ်ကတည်းက ကျွန်တော်ဒီရွာလေးကို အမေနဲ့အတူ အလည်ရောက်ခဲ့ဖူးသည်။ ရွာဟုပင် ဆိုသော်လည်း အတော်ပင်အိမ်ခြေများပြီး ကျယ်ဝန်းလှသောကြောင့် ရွာကြီးရွာကောင်းဟုပြောရမည်။ ရွာနှင့်စစ်ကိုင်းမှာသိပ်ပြီးမဝေးလှပါ။ စစ်ကိုင်းကနေသွားမည်ဆိုပါက ကားစီး၍သွားရပြီး၊ မန္တလေးကနေဆိုလျှင် မြစ်ကြီးနားကိုသွားသောရထားကိုစီး၍ ခဏသာရပ်သောဘူတာတွင် အပြေးအလွှားဆင်းကြရသည်။
ရွာကြီးမှာ အညာရွာဖြစ်သောကြောင့် အပူပိုင်အပင်များဖြင့်စိမ်းစိုအုံ့ဆိုင်းနေပြီး အတော်ပင် သန့်ရှင်းသာယာလှသည်။ အဝေးတွင် မင်းကွန်းတောင်ရိုးကြီးကို မှိုင်းပျပျမြင်နိုင်သလို ကြက်သွန်ခင်းများ၊ ပဲစင်းငုံပင်များ၊ ခရမ်းချဉ်ခင်းများကို တမျှော်တခေါ်မြင်နေရသည်။ ကားသုံးလေးစီးစာ သွားနိုင်သော မြေသားလမ်းမကျယ်ကြီးကလည်း ရွာအဝင်ကတည်းကပင် ဆီးကြိုနေသည်ကိုလည်းမြင်နိုင်ပါသည်။ ဤရွာ အမည်က ရွာသာကုန်း။

၂၀၀၄ ခုနှစ် နိူဝင်ဘာ ၂၀

အေးတာမှစိမ့်ပြီးကိုအေးတာ။ မန္တလေးဆောင်းတွင်း၏ အေးစက်နိုင်မှုသည် အရိုးထဲထိအောင်စိမ့်မတက်အေးလှသည်။ ပြီးတော့အချိန်က မနက်စောစော။ ညကတည်းက ဘုန်းကြီးကျောင်းမှာအိပ်ပြီး ဘူတာကို မနက်စောစောဦးဇင်းနှင့်ဆင်း၊ လက်မှတ်ဝယ်ပြီး ဘူတာမှာစောင့်နေရသည်မှာ တမျှော်တခေါ်။ နှစ်နာရီနီးပါးစောင့်ဆိုင်းပြီးမှ ရထားရောက်လာသည်။ ရထားဥသြဆွဲသံကြားရတော့ ထကြည့်စဉ် ခပ်ပိန်ပိန်လူတစ်ယောက်က ဘေးကနေရပ်ကြည့်နေပြီး........

ဆက်ရန်................

(ဇာတ်ကောင်အမည်များနှင့်ရွာအမည်တို့ကို ပြောင်းလဲထားသည်။)
ဒီဇာတ်လမ်းကို ၁၅.၄.၀၉ကတည်းကရေးတာအခုမှတင်ဖြစ်ပါပြီ။

Friday, April 24, 2009

သူ....

10 ယောက်ရဲ့ အမြင်

သူ...
သတိရတယ်သာပြောသည်
အွန်လိုင်းမလာပါ။
သူ...
လွမ်းတယ်သာပြောသည်
စာမရေးပါ။
သူ...
ငိုနေတယ်လို့သာပြောသည်
မျက်ရည်မကျပါ။
သူ...
အထီးကျန်တယ်သာပြောသည်
အပြုံးမပျက်ပါ။
သူ...
ဝေးသွားတယ်လို့သာပြောသည်
နီးစပ်ဖို့မကြိုးစားပါ။
သူ...
စောင့်နေမယ်သာပြောသည်
နောက်တစ်ယောက်နဲ့ပါ။
သူ...
ဘာလုပ်လုပ်ဖုံးကွယ်ချင်သည်
ကျွန်တော့်ကိုမရပါ။
သူ...
ချစ်တယ်လို့သာပြောသည်
အချစ်ကိုနားမလည်ပါ။

(ချစ်တယ်ဆိုတဲ့စကားကိုလွယ်လွယ်မကြားဝံ့သူ)

Wednesday, April 22, 2009

သမိုင်းထဲက ရန်ကုန်

8 ယောက်ရဲ့ အမြင်

၁၈၇၀ - ၉၀ ဝန်းကျင် ရွှေတိဂုံစေတီတော်
ရန်ကုန်

ကျွန်တော်ဒီမြို့လေးကိုစိတ်ဝင်းစားခဲ့တာ အတော်ပင် ကြာခဲ့ပါပြီ။ ဒီမြို့အကြောင်းကို ကျွန်တော်လေ့လာ နေဆဲပါ။ အခု ကျွန်တော်စုဆောင်းရှာဖွေထားတာလေးတွေကို မျှဝေပါရစေ။ ဒါပေမယ့် ကျွန်တော်ဒီနေရာမှာ အတိုချုံးပြီးပဲရေးပါရစေ။

ရန်ကုန်မြို့ကို အေဒီ ၆ ရာစုခန့်ကတည်းက မွန်ဘုရင်မရှင်စောပုက ဒဂုံဟူ၍ တည်ထောင်ခဲ့တာပါ။ ခရစ်နှစ် ၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားဟာ ဒဂုံကို ရန်ကုန်ဆိုပြီး သမုတ်ခဲ့တယ်။ ၁၈၂၄-၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပြီး စစ်ကြီးပြီးတဲ့ အခါ မြန်မာတို့၏ စီမံခန့်ခွဲမှုအောက်သို့ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ၁၈၄၁ခုနှစ် တွင် ရန်ကုန်မြို့ကြီး မီးလောင်ပျက်စီးခဲ့ရတယ်။ ၁၈၅၂ ခုနှစ် ဒုတိယအကြိမ် အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ ရန်ကုန်မြို့ တစ်မြို့လုံး အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးရခဲ့သည်မှ စ၍ ရန်ကုန်မြို့သည် မြန်မာတို့၏ လက်တွင်းသို့ ပြန်လည်ရောက်ရှိ ခဲ့ပါတယ်။ ကိုလိုနီလက်ထက်ကစလို့ ရန်ကုန်မြို့ဟာ စိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေခဲ့တာ အခုချိန်မှာဆိုဘာသာစကား၊ ယဉ်ကျေးမှု၊ လူမျိုး၊ နေထိုင်ပုံစရိုက် နဲ့ ကိုးကွယ်ယုံကြည်ရာတွေ တော်တော်စုံစုံလင်လင်ရှိနေပါပြီ။

၁၉၄၂ ဒုတိယကမ္ဘာစစ်အတွင်းရန်ကုန်ဆိပ်ကမ်းမီးလောင်နေစဉ်

အင်္ဂလိပ်ခေတ် ကိုလိုနီအဆောက်အအုံတွေဆိုရင်လည်း မြို့ထဲ နေရာတော်တော်များများတွင် တွေ့နိုင်ပါတယ်ဗျာ။ ပြီးတော့ကျွန်တော်တို့ရဲ့ ရန်ကုန်မြို့ကြီးက အရှေ့တောင်အာရှမှာ ကိုလိုနီအဆောက်အအုံ အများဆုံးတည်ရှိရာ မြို့တစ်မြို့ အဖြစ် ရပ်တည်လျက်ရှိတယ်တဲ့။ နောက်ပြီးတော့လည်း အင်္ဂလိပ် ခေတ်စစ်ကျန်ကားများတွေကိုလည်း ဘတ်စ်များအဖြစ်မြင်နိုင်ပါသေးတယ်။ နိုင်ငံခြားကမ္ဘာလှည့်ခရီးသွားတွေက ဒါတွေကို တအံ့တသြဓာတ်ပုံရိုက်ကြတာ ဂုဏ်ယူစရာပဲဗျာ။

ယခုဆူးလေမီးပွိုင့်နေရာ
မဂိုလမ်း-Mogul Street(ယခုရွှေဘုံသာလမ်း)

ရန်ကုန်မြို့ ထဲတနေရာ
၁၈၉၀-၁၉၀၀ ဝန်းကျင်ရန်ကုန်ဆိပ်ကမ်းတနေရာ
၂၀ ရာစုအလယ် ရန်ကုန်မြို့ အပေါ်စီးမြင်ကွင်း

၁၈၇၀ - ၉၀ ခုနှစ် ဆူးလေစေတီတော်နှင့် ရန်ကုန် မြူနီစီပယ် အဆောက်အအုံ

၁၈၇၀ - ၉၀ ခုနှစ် ဆူးလေစေတီတော်

၁၈၇၀ -၉၀ ဝန်းကျင် ကန်တော်ကြီးမြင်ကွင်း

စစ်အင်ဂျင်နီယာ Lt. Alexander Fraser ရဲ့ ဒီဇိုင်းပေါ်တွင်အခြေခံပြီး ဗြိတိသျှတွေက မြို့ကွက်အသစ်ကို ဖော်ခဲ့တယ်။ မြို့ကွက်အသစ်နယ်နိမိတ်က အရှေ့ဘက်မှာ ပုဇွန်တောင်ချောင်း၊ အနောက်နဲ့ တောင်ဘက်မှာ ရန်ကုန်မြစ်တို့နဲ့ ဝန်းရံနေစေခဲ့ပါတယ်။
၁၈၉၇ ခုနှစ် ရန်ကုန်မြို့ မြေပုံ

အဲ့ဒီနောက် ရန်ကုန်ဆေးရုံကြီး၊ ရန်ကုန်တက္ကသိုလ်တို့ကိုပါ တည်ဆောက်ခဲ့ပါတယ်။ ရန်ကုန်ဆေးရုံကြီးကို ၁၈၉၉ခုနှစ်မှာ စတင်ဆောက်လုပ်ပြီး ၁၉၀၅ ခုနှစ်မေလ ၅ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အခုဆိုရင် ရန်ကုန်ဆေးရုံကြီးဟာ နှစ်တစ်ရာကျော်သွားခဲ့ပါပြီ။ ဒီလိုဒီလိုသမိုင်းတွေနဲ့အစပြုခဲ့တဲ့ ရန်ကုန်မြို့ကြီးကတော့ အခုအချိန်ထိ စိတ်ဝင်စားစရာကောင်းနေတုန်းပါပဲဗျာ။






အဲ့ဒီနောက် ရန်ကုန်ဆေးရုံကြီး၊ ရန်ကုန်တက္ကသိုလ်တို့ကိုပါ တည်ဆောက်ခဲ့ပါတယ်။ ရန်ကုန်ဆေးရုံကြီးကို ၁၈၉၉ခုနှစ်မှာ စတင်ဆောက်လုပ်ပြီး (ကျွန်တော်အတိုချုံးပြီးရေးထားခြင်းဖြစ်ပါသည်။ နေရာမလောက်မှာစိုး၍ ပုံအချို့ သာတင်ထားပါသည်။)
အချက်အလက်များကိုဤနေရာတွင်စုံစုံလင်လင်သိနိုင်ပါသည်။ ဤနေရာတွင် ရန်ကုန်မြို့ ၏သမိုင်းဝင်ပုံများနှင့်မျက်မှောက်ခေတ်ကိုလိုနီအဆောက်အဦးများကို ကြည့်နိုင်ပါသည်။
(ဒီဘလော့ကို စာကူညီရိုက်ပေးတဲ့ဂျပန်ကောင်လေးကိုကျေးဇူးတင်ပါတယ်။)

Monday, April 20, 2009

ခွင့်မလွှတ်ပါနဲ့.....အမေ

3 ယောက်ရဲ့ အမြင်

ကျွန်မ အမေကိုအရမ်းတွေ့ချင်တာပဲ။ အမေ နေကောင်းရဲ့လား။ အဖေကော။ ကျွန်မမှားခဲ့မှန်းသိနှင့်နေပြီးသားပါ။
ဒါပေမယ့်အားလုံးကို ရင်မဆိုင်ဝံ့ဘူး။ မဟုတ်ဘူး ကျွန်မရှက်ပြီးရင်မဆိုင်ရဲတာ။
သမီးကော ဘယ်အရွယ်ရှိနေပြီလဲ။ အို...ငါမိခင်ကောင်းမဟုတ်ဘူး။ အစကတည်းကသိသိရက်နဲ့လုပ်ခဲ့တာ။ ငါအမှားကြီးမှားခဲ့တာ။
အမေ့ကို တွေ့ချင်လို့ ကျွန်မ အမေတ့ိုရှိရာကို မဝံ့ရဲဘဲ သွားခဲ့သည်။ တစ်နှစ်ကျော်လေးပဲရှိသေးတာ အမေ ဒီလောက်တောင် ပြောင်းလဲသွားရလားအမေရယ်။ ကျွန်မ မျက်ရည်မကျအောင် ထိန်းထားခဲ့ရသည်။ အဝေးကနေပဲကြည့်နေပါရစေ အမေရယ်။ ဆံပင်တွေဖြူရုံတင်မဟုတ်ဘူး၊ အမေ အရမ်းအိုသွားလိုက်တာနော်။ သမီးလေး၊ သမီးလေးတောင် ဒီလောက်ထွားလာပြီ။ ငါပြေးပြီး ခေါ်ရမလား။ ဟင့်အင်း ဟင့်အင်း ငါမသွားဘူး ငါရင်မဆိုင်ဝံ့ဘူး။ ငါဘာလုပ်ရမလဲ..။ ငါဘာလုပ်သင့်လဲ..။ အရင်က အမှားတွေအတွက် အခုမှ နောင်တရလို့ ငါနှောင်းသွားပြီ။ ငါလုပ်ခဲ့တဲ့ အမှားတွေကြောင့် ငါတစ်ယောက်တည်းတင်မဟုတ်ဘူး... အားလုံးကို အရှက်ရစေတယ်။ အမေရယ် သမီးအမေ့ကိုဖက်ပြီး သမီးအမှားတွေကိုတောင်းပန်ချင်တယ်။ သမီးအရင်လို ပြန်နေချင်တယ်။ အမေသမီးကို ပြန်ပြန်ခေါ်နေတဲ့ကြားက အမေ့မျက်မှာကို မထောက်သလို သမီးလေးကိုလည်း မကြည့်ခဲ့ဘူး။ သမီးရဲ့ နောက်ဆုံးအခြေအနေရောက်မှ အမေ့တို့ဆီ လာခဲ့ချင်ပေမယ့် သမီးမလာဝံ့တော့ဘူး။ သားသမီးရလာမှ မိဘတန်ဖိုးသမီးကောင်းကောင်းသိရပါပြီအမေရယ်။ သမီးလေးကို အမေတို့ဆီမှာပဲ နေခိုင်းတာ အလုံခြုံဆုံးပါ။ အမေ.. သမီးမိုက်ကိုခွင့်မလွှတ်ပါနဲ့။ အမှားတွေအများကြီးလုပ်ခဲ့တဲ့ သမီးမိုက် အမေတို့ဆီကို ပြန်မလာနိုင်တော့ပါဘူး အမေရယ်..။ သမီးလေးလည်း အမေ့ကိုခွင့်မလွှတ်ပါနဲ့တော့။

လန်းနေစေချင်တယ်

0 ယောက်ရဲ့ အမြင်

ဟယ်...လှလိုက်တာ။ မိုက်တယ်ကွာ။
လှတာမြင်ရင် ကြိုက်တတ်တာ သဘာဝပဲလား။ အဲဒ့ီမေးခွန်းကို ကျွန်တော် ခဏခဏမေးဖူးသည်။
အင်းတဲ့။ ဟုတ်ပါသည်။ ယေဘုယျအားဖြင့် ဟုတ်နိုင်ပါလိမ့်မည်။ အဲဒီ့ထဲမှာ ကျွန်တော်လည်း တစိတ်တပိုင်းပါဝင်နေတာပါပဲ။ သူကတော့ အဲဒီလိုမဟုတ်ဘူး။
လှတိုင်းတာ ကြိုက်နေရမယ်ဆိုရင် ကျွန်မရှင့်ကို ချစ်ခဲ့မှာမဟုတ်သလိုလက်တွဲဖို့လည်း စဉ်းစားခဲ့မှာမဟုတ်ဘူး။ ဒီစကားနဲ့တင် ကျွန်တော် သူ့ကိုဘာမှပြန်မပြောပဲ ပြုံးနေလိုက်မိသည်။

(အတွေးနယ်ကျယ်ပြန့်ပါစေ)

Sunday, April 19, 2009

ပန်းသီး

2 ယောက်ရဲ့ အမြင်

ပန်းသီးတစ်လုံးဈေးကဝယ်
ဘယ်သူ့အတွက်လဲကွယ်။

ကုသိုလ်ကောင်းမှုရဖို့အရေး
ဘုရားကပ်မယ ်မနှေး။

ဘုးရားကပ်၍စွန့်ပြီးရင်
ဘာလုပ်မလဲဟင်။

ရေးဆေးပြီးအအေးဓာတ်ကင်
ရေခဲသေတ္တာထဲထည့်ရန်ဆင်။

အချိန်ကြာလို့အေးလာရင်
ဘာလုပ်မလဲဟင်။

စားလို့ဝလို့အိုကေတော့
ထုက်ပြီးစားမှာပေါ့။

ဒီလိုနဲ့ပဲစားဖို့အရေးပင်
မနက်ဖြန်ကိုတွေးပြီးမြင်

ဟုတ်သည် ဟုတ်သည် မနက်ဖြန်ဟာ
ချစ်သူများနေ့ပါ။

အခုမှပဲအကြံပေါ်
ဒီပန်းသီးကိုနော်။

ခုတ်ကာထစ်ကာငါမစား
ချစ်သူအတွက်ပဲထား။

(ချစ်သူကုသိုလ်ရရန်)